Events
Isolation Gown & PPE Online Business Matching တက်ရောက်ရန် ဖိတ်ကြား
Updated At: 2020-07-28 09:39:44
Isolation Gown & PPE Online Business Matching ကို ထိုင်းနိုင်ငံ ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာန(DITP)မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အွန်လိုင်း စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို “ZOOM” app အမည်ရှိ နောက်ဆုံးပေါ် ရုပ်သံအသုံးပြု မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုနည်းပညာအသုံးပြု ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲ၌ ရောဂါကာကွယ်ရေးနှင့် ခွဲစိပ်ခန်းသုံးဝတ်စုံများဖြစ်သော ပြည်လည်အသုံးပြုနိုင်သည့် isolation gown surgical gown PPE fabric mask နှင့် အခြားဆေးကိရိယာပစ္စည်းများကို ပြသထားမည်ဖြစ်သည်။ အဆိုပါ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင်လိုသူများအနေဖြင့် ပူးတွဲပါပုံစံအား ပြည့်စုံစွာဖြည့်စွက်ပြီး (၃၀-၇-၂၀၂၀) ရက်နေ့မတိုင်မီ ပြပွဲစီစဉ်သူ (DITP) နှင့်ထိုင်းစီးပွားရေးသံရုံး Email- [email protected],[email protected] သို့ အကြောင်းပြန်ကြားပေးရမည်ဖြစ်သည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]နှင့် moctradefair@ myantrade. gov.mmသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026